Unicode
18 - 10 - 2014 ခုနှစ်ကတင်ခဲ့သာ Blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။
18 - 10 - 2014 ခုနှစ်ကတင်ခဲ့သာ Blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။
" သေဋ္ဌာရုံ ပရိယတ္တိစာသင်တိုက် "
ပေါင်းတည်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများအနက် တစ်တိုက်အပါအဝင်ဖြစ်သည်။ မဟာဒွါရဂိုဏ်း ဝင်ဖြစ်ပါသည် ။
စျေး(၂) ရပ်ကွက်နှင့် မင်းကွက်(၃) ရပ်ကွက်ကို ပိုင်းခြားထားသည့် ပုတီးကုန်းလမ်း အဆုံး မင်းကွက်(၃) ရပ်ကွက်အပိုင်တွင်တည်ရှိပြီး ရန်ကုန်ပြည် မီးရထားလမ်းနှင့် ကပ်လျှက်ရှိပါသည် ။
ပထမ ကျောင်းထိုင် ဆရာတော်ကြီးမှာ ဦးသီဟဖြစ်သည်ဟု ယခုလက်ရှိကျောင်းထိုင် ဆရာတော် ဦးပညာလင်္ကာရ မှပြောပြပါသည်။
ဒုတိယကျောင်းထိုင်ဆရာတော်မှာ ဦးဝိနယ ဖြစ်၏ ။
ပထမကျောင်းထိုင်ဆရာတော်ကြီး လက်ထက်ကျောင်းစတင်တည်ထောင်သောခုနှစ်ကို အတိအကျမသိရပါ ။ ဒုတိယကျောင်းထိုင်ဆရာတော်လက်ထက်တွင် ကျောင်းဒါယကာကြီး ဦးမောင်ကြီး ကျောင်းဒါယိကာမကြီး ဒေါ်ခင်လေး (မြန်မာ့အလင်းသတင်းစာ) တို့က ကျောင်းသစ်ဆောက်လုပ်လှူဒါန်းရာ ဖျက်ချလိုက်သော ပထမကျောင်း အဟောင်းမှ အုတ်ချပ်များတွင် မြန်မာသက္ကရာဇ် (၁၂၈၇ ခုနှစ်)ဟုရေးထိုးထားတာတွေ့ရ ကြောငိး ဆရာတော် ဦးပညာလင်္ကာရမှ ပြောပြပါသည် ။
တတိယကျောင်းထိုင်ဆရာတော်မှာ ဦးသုန္ဒရ ဖြစ်ပြီး ဆရာတော်ဘုရားကြီးလက်ထက်တွင် စာသင်သံဃာများ ဖြင့် စာသင်တိုက်ကြီးဖြစ်လာခဲ့သည် ။ ဆရာတော်ကြီးဦးသုန္ဒရ (သာသနဓဇ ဓမ္မာစရိယ မဟာကမ္မဌာနာစရိယ )သည် မြန်မာသက္ကရာဇ် ၁၃၂၃-ခုနှစ်မှ ၁၃၄၃-ခုနှစ်ထိ ကျောင်းတိုက်၏ပဓာန နာယက ဆရာတော်အဖြစ်ကျောင်းထိုင်ခဲ့ပါသည် ။ နံနက်တိုင်း အရုဏ်ဆွမ်းခံကြွရာတွင် တပည့်သံဃာများနှင့်အတူ ရှေ့ဆုံးမှကြွ၏ ။
ဆရာတော်ကြီးဦးသုန္ဒရ ပျံလွန်တော်မူပြီးနောက် တပည့် စာချဆရာတော် ဦးကောဏ္ဍည ဆရာတော်ကဆက်လက်၍ စတုတ္ထမြောက်ကျောင်းထိုင်ဆရာတော်ဖြစ်လာ၏ ။
ဆရာတော် ဦးကောဏ္ဍည ပျံလွန်တော်မူသောအခါ ယခုလက်ရှိဆရာတော် ဦးပညာလင်္ကာရက ပဉ္စမမြောက် ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ပါသည် ။
No comments:
Post a Comment