Unicode
[ သုံးမြို့ရှင် ]
ပေါင်းတည်မြို့ အရှေ့တောင်ဘက်အရပ် နန်းဦးကျောင်းလမ်းတွင် နတ်ကွန်းတစ်ခုတည်ရှိပါသည် ။ သုံးမြို့ရှင် နတ်နန်းဟု စာရေးထားသည်ကိုတွေ့ရ၏ ။ မည်သည့်ခေတ်အခါကစ၍ ဤနေရာတွင် နတ်ကွန်းဖြစ်တည်ခဲ့သည်ကို ခိုင်လုံသောအထောက်အထားရှာမရသေးပါ ။ အရပ်ဓလေ့ နတ်ဓလေ့ ဆိုသလို မြို့၏ နတ်ကွန်းအဖြစ် တည်ရှိလာခဲ့ရာ ရှင်ပြုအလှူများတွင် မောင်ရင်လောင်းများကို ဤနတ်ကွန်း၌ပင် နတ်ပြ သည့်ဓလေ့ပြုကြ၏ ။ ဝါဝင် ဝါထွက် နတ်ပွဲကျင်းပကြ၏ ။
ဤသို့ဆိုလျှင် နတ်နန်း၏ပိုင်ရှင် သုံးမြို့ရှင် ဆိုသည်မှာ မည်သူနည်း။ မည်သို့အကြောင်းရှိခဲ့ဘူးသနည်း ဟု သိလိုစိတ်များဖြစ်ပေါ်လာသည့်အလျှောက် လက်လှမ်းမီသလောက် လေ့လာကြည့်ရာ … ဤသို့တွေ့ရှိမှတ်သားရလေသည် ။ မတူညီသော ဇာတ်လမ်းများလည်းရှိနိုင်ပါသည် ။ ကျွန်ုပ်လေ့လာမိသော ဇာတ်လမ်းကလေးကိုသာ ဖော်ပြလိုက်ပါသည် ။
… သရေခေတ္တရာ နောက်ဆုံးမင်း သုပညာနာဂရဆိန္ဒ မင်းဟာ တိုင်းပြည်ပျက်လို့ထွက်ပြေးရာ တူတော်စပ်သူ သမုတိရာဇာ နှင့် တောင်ညိုအရပ်တွင် ရှောင်ပုန်းနေခဲ့ဘူး၏ ။
နောင်အခါ သမုတိရာဇာ မင်းသားက အထက်အညာသို့ဆန်တက်ကာ ယုန်လွှတ်ကျွန်းအရပ်တွင် သမုဒရာဇ် မင်းအမည်ဖြင့် ပုဂံနေပြည်တော်ကြီးကိုစတင်ထူထောင်ခဲ့၏ ။
ထိုမှတဖန် ပုဂံမင်း ၅၂ ဆက်မြောက် နရသီဟပတေ့မင်းလက်ထက်တွင် တရုတ်သံအဖွဲ့ကိုသတ်မိ၍ တရုတ်တို့လာရောက်တိုက်ခိုက်ရာ နရသီဟပတေ့မင်းလည်း အောက်သို့စုန်ပြေးလေ၏။
နရသီဟပတေ့မင်း နေပြည် တော်ကိုစွန့်ပြေးပြီဟုပြည်သူပြည်သားတို့ကြားသိ လျှင်ကြောက်လန့်တ ကြားပြေးလွှားပုန်းရှောင် ကြရာနရသီဟပတေ့မင်း၏တူတော်သူ သတိုး နော်ရထာ(မောင်မောင်ကြီး) ၊ ညီတော်သူ သတိုးမင်းလတ်(မောင်မောင် လတ်) ၊ သတိုးမင်းငယ်(မောင်မောင်ငယ်) ၊ အမေတော်မယ်စောလှ မယ်စောမှန် မယ်စောမြတို့နှင့်အတူအိမ်တော်သူအိမ်တော်သားလက်ပါး စေ၊လက်ဆွဲတော်၊ရွှေဒါးဆွဲ၊ငရွှေမိတ်၊ ငဒေါနတို့နှင့်ပုဏ္ဏားတော်ဇောတိပါလအမတ် အစရှိသည့်နောက်လိုက်နောက်ပါများနှင့် မကျန်းမမာဖြစ်နေ သောမယ်တော်ကိုသယ်ပိုး၍ ပုဂံနေပြည်တော်မှ တောင်ဘက်စူးစူး ပြည် မြို့ရှိရာသို့မှန်းဆတိမ်းရှောင်ခဲ့ကြသည်။ပြည်ရောက်မှပြည်မြို့စားသီဟသူ ထံမယ်တော်အားဆေးကုသမှု ခံယူရန်ပြင်ဆင်ခဲ့သော်လည်းပြည်မရောက် ခင်မှာပင် နရသီဟပတေ့မင်းကိုပြည်မြို့စားသီဟသူ ကပွဲတော်တွင်အဆိပ် ခပ်ကြောင်းသတင်းရ၍ ပြည်မြို့သို့မဝင်တော့ပဲရှေးမင်းများ ဒဂုံသို့သွားရာ လမ်းအတိုင်းရိုးမအနောက်ဘက်လမ်းမှဒဂုံသို့ဆင်းခဲ့ရာသရေခေတ္တရာ ဖြတ်စဉ်ကသမုဒ္ဒရာဇ်မင်း သုံးနှစ်မျှစိုးစံခဲ့ရာတောင်ညိုမြို့နယ် ဦးတစ်ရာမြို့
ဟောင်းတောကြီးအတွင်းရောက်လာခဲ့သည်။ ထိုတောကြီးမှာအလွန်နက် ရှုိင်းကြီးမား၍တော တိရစ ္ဆာန်များခိုအောင်းကျက်စားစရာဖြစ်သည်နှင့်အ ညီသစ်မျိုးစုံပေါက်ရောက်ပေါများပြီးလုံခြုံစိတ်ချစွာနေနိုင်သဖြင့်မင်းသား နှင့်အဖွဲ့သည်လုံခြုံစိတ်ချရသော ဤနေရာ၌စခမ်းချနေထိုင်ရန်စီစဉ်တော့သည်။ ထိုတောကြီး၏အစွန်နယ်နမ်ိတ်တွင်ရှေးယခင်ဦးတစ်ရာမြို့ဟောင်း ကိုဖြတ်စဉ် လူသူကွဲပြီးကျန်ရစ်ခဲ့ သောပျူလူမျိုးများနေထိုင်ရာ ဧင်္ဂလီ အ မည်ရှိရွာငယ်တွင် ဂါမဏိ အမည်ရှိ ရွာသူကြီးတစ်ဦးအုပ်ချုပ်လေသည်။ ထိုသူကြီး ဂါမဏိ နှင့် ဇနီးဒေါ်လှမွန်း တို့တွင် ရုပ်ရည်ပြေပြစ် ချောမောလှပ သည့့် ခင်ဝါသီ အမည်ရှိ သမီးကညာတစ်ယောက်လည်းရှိလေသည်။
တစ်နေ့သောအခါသုကြီးသမီးခင်ဝါသီသည်အဖော်တသင်းနှင့် ရောက်လာစဉ်နယ်ပယ်လှည့်လည် ကြသောမင်းချင်းတို့နှင့်တွေ့ပြီး ခင်ဝါသီ ၏ဆွေမျိုးဇစ်မြစ်ကိုမေးမြန်းကြရာခင်ဝါသီသည်ဧင်္ဂလီရွာသူကြီး၏သမီးဖြစ် ကြောင်းသိရ၍ရွာသူကြီး ဂါမဏိနှင့်တွေ့ဆုံပြီးစုံစမ်းမေးမြန်းရာသရေခေတ္တရာ ပျက်စဉ်ကပြေးလွှားရင်းကျန်ခဲ့သည့်နန်းတွင်းအ ဆက်အနွယ်များဖြစ်နေကြောင်းသိရှိရပြီးမင်းချင်းတို့ကလည်း မိမိတို့အရှင်သခင်သည်ပုဂံနေပြည် တော်ပျက်၍တိမ်းရှောင်လာသော နရသီဟပတေ့ မင်း၏တူတော်သူဖြစ် ကြောင်းပြောပြသည်တွင် ဧင်္ဂလီရွာသူကြီး ဂါမဏိကသမီးဖြစ်သူခင်ဝါသီ အားလက်ဆောင်ပစ္စည်းများနှင့်တကွ မင်းသားမောင်မောင်ကြီးထံဆက် သပြီး မောင်မောင်ကြီးထံတွင်ဝင်ရောက်ခစားစေသည်။
မောင်မောင်ကြီး နှင့်ဧင်္ဂလီရွာသူကြီးသမီးခင်ဝါသီတို့ ယခုမျှော်တော်တောင် တောင်ခြေမှာ ပင်လက်ထပ် မင်္ဂလာဆင်ယင်ကျင်းပတော်မူပြီးမောင်မောင်ကြီးမှာလည်းလူသူအင်အားတောင့်တင်းလာပြီဖြစ်သဖြင့် သတိုးအနော်ရထာ ဘွဲ့အမည် ကိုဘိသိတ်ပြောင်း ခံယုတော်မူလျှက်ထိုတောင်ခြေမှာပင်ထီးနန်းအသစ် ပြန်လည်စိုက်ထူကာတောင်ထိပ်ပေါ်တွင်တည် ရှိပြီးဖြစ်သောကျောက်ပုံစေတီကို အမြင့်ငါးတောင် ကိုးလက်မရှိကျောက်ပုံစေတီအဖြစ်ပြုပြင်ပြီးတည် ထားကာနန်းဦးစေတီအဖြစ်ဘွဲ့တော်သမုတ်ကိုးကွယ်လေသည်။
မင်းသားမောင်မောင်ကြီးသည် ဦးတည်ရာမြို့၌ပင် နန်းစံတော်မူနေ စဉ် ဇောတိပါလပုဏ္ဏား ၊ ရွှေဒါးဆွဲ ငရွှေမိတ်၊ငဒေါနတို့နှင့်၊ယောက်္ခမတော် သူ သူကြီးဂါမဏိတို့ကို မြို့သစ်နယ်ပယ်သစ်ရှာဖွေရန် တဖန်စေလွှတ် တော်မူလေသည်။ မြို့သစ်နယ်သစ်ရှာဖွေရေးအဖွဲ့သည်မျှော်တော် တောင် ၏တောင်ဘက် ခရီးတစ်သောင်းအကွာ မဟာသီရိဝဏ္ဏ မည်သော တောကြီးအလယ်တွင် သစ်ပင်ပန်းမာန်တို့ဝန်းရံလျှက်စည်မျက်နှာပြင်ကဲ့သို့ ညီညွတ်နေသောခြံမြေပြင်နှင့်တကွ ဣန္ဒလီမည်သောမြစ်ငယ်အပါအဝင် ချောင်းကြီးချောင်းငယ်မြေတာချိုင့်ဝှမ်း၊တောင်ယာ စိုက်ခင်း လယ်ယာ ကိုင်းကျွန်းတို့ကိုလုပ်ကိုင်နိုင် သောအခြင်းအရာများကိုပါတွေ့ရလျှင်ထီးနန်း စိုက်ထူမြို့သစ်တည်ထောင်တော်မူသင့်သည်ဟုတညီတညွတ်တည်းဆုံး ဖြတ်ကာ မင်းသားအား လျှောက်တင်တော်မူလေသည်။မင်းသားလည်း ဇောတိပါလပုဏ္ဏားနှင့်ယောက္ခမဖြစ်သူဂါမဏိရွာသူ ကြီးကိုပါတာဝန်ပေးအပ်ကာမြို့နန်းတည်စေခဲ့ရာသက္ကရာဇ် ၆၄၉ ခုနှစ် တွင်မြို့တော်ပြီးစီး၍ သာယာဝတီမြို့ သမုတ်တော်မူလေသည်။ သာယာဝတီမြို့ဟုအမည်သမုတ်ရာ၌မြို့သစ်တည် ရာအရပ်ဒေသသည်သစ်ပင်အမျိုးမျိုးနှင့် ပေါက်ရောက်သည့်အပြင်စည်းရိုးတော်ယက်ကာ ထားသကဲ့သို့ ညီ ညာစွာပေါက်ရောက်နေခြင်းကို အစွဲပြု၍ သာယာဝတီ (သာယဝတီ) ဟု အမည်သမုတ်ခြင်းဖြစ်ကြောင်းဆရာဦးလှဒင်ရေး သာယာဝတီ သမိုင်းတွင် တွေ့ရသည် ။
သာယာဝတီမြို့သစ်တည်ပြီးသောအခါ မောင်မောင်ကြီးသည် သတိုး အနော်ရထာဟူသော ဘွဲ့အမည်ကိုဆက်လက်ခံယူကာခင်ဝါသီအားဥတ္တရဝါသီဒေဝီဟူသောဘွဲ့အမည်ပေး၍မိဖုရားကြီးအရာ၌ထားကာမြှောက်စား လေသည်။ညီငယ်နှစ်ယောက်မှ မောင်မောင်လတ်ကို တောင်ညိုမြို့၌ထီး နန်းစိုက်စေ၍အပိုင်စားပေးကာ တောင်ညိုမင်းဟူ၍၎င်း သတိုးမင်းလတ် ဟူ၍၎င်းဘွဲ့အမည်ခံခဲ့သည်။ညီငယ်မောင်မောင်ငယ်ကို ကျောက်စောင်းမြို့ ကိုအပိုင်စားပေးကာကျောက်စောင်းမင်းဟူ၍၎င်း သတိုးမင်းငယ်ဟူ၍၎င်း ခေါ်တွင်စေခဲ့သည်။ညီမ မစောလှအား ပျားကြီးတောင်တွင်နေစေပြီး စောဖြူမင်းသမီးဟု ခေါ်တွင်စေကာ ရှင်စောဖြူမင်းသမီးကို သုံးပန်လှ မင်း သမီးဟုလည်းခေါ်တွင်စေသည်။နှမငယ်မစောမြကို ခေတ္တထားခဲ့သောအ ရပ်အားနှမငယ်ရွာဟုခေါ်ရာမှကာလရွေ့လျှောကာယခုအခါ ဒမင်ငယ်ရွာ ဟုခေါ်စေခဲ့သည်။
[သတိုးအနော်ရထာခေါ် မောင်မောင်ကြီးမှာ ကျောက်စောင်းမြို့ တောင်ညိုမြို့ သာယာဝတီမြို့တိုိ့ကိုခြုံငုံပိုင်စားအုပ်ချုပ်ရသဖြင့် သုံးမြို့ရှင် ဟုခေါ်ဆိုကာ ယနေ့ထိတိုင်ပြည်သူလူထုအပေါင်းကသုံးမြို့ရှင်ဟုတင်စား ခေါ်ဝေါ်ကြပါတော့သည်။] ၎င်းမင်းသုံးပါး၏နတ်ရုပ်တုများကိုတောင်ညို တောင်၏မြောက်ဘက်တောင်နှာမောင်းတွင်နတ်ကွန်းတင်ထားကိုးကွယ်လျက်တွေ့မြင်ကြရပါသည်။
ဤသို့လျှင် သုံးမြို့ရှင်နတ်အကြောင်းလေ့လာတွေ့ရှိ ရသောကြောင့် ပေါင်းတည်မြို့ နန်းဦးကျောင်းလမ်းရှိ သုံးမြို့ရှင်နတ်နန်းမှာ ဤသုံးမြို့ရှင် နတ်ပင် ဖြစ်တန်ရာ၏ ဟု ယူဆမိပါတော့၏ ။
[ ကိုးကား > မျှော်တော်တောင်သမိုင်း (ခက်နွယ်)
သာယာဝတီသမိုင်း ( ဆရာဦးလှဒင်) ]
No comments:
Post a Comment