ဥတုဖောက်ပြန် မိုးမမှန်၍
ရည်သန်တောင့်တ ဥတုမျှစေ
တောင်းဆုချွေသည် မြို့ရွှေတည် ။
*************
ရှေးကဘိုးဘွား မျိုးကောင်းသားတို့
မိုဃ်းကောင်းဘုရား တည်ထားကိုးကွယ်
မြို့အလယ်မှာ သပ္ပါယ်စွာ ။
*************
ဇာတိရပ်မြေ ဂုဏ်သရေတိုး
တန်ခိုးလည်းကြွယ် ကိုးကွယ်ရာမှတ်
ရှင်တော်မြတ်စံ ဘုံနန်းပျံ ။
*************
နေခြည်ဝင်းပ ထိုးဖြာကျသော်
မိုးမျှော်ပြဿဒ် အထပ်ထပ်သည်
နတ်ပိသုကာ ထင်စရာ ။
ထက်ဝန်းကျင်မှ ရွှမ်းလစန္ဒာ
ကြည်သာမြမြ လပြည့်ည ။
****************
နွေအရုဏ်ဦး ရောင်နီမြူးခြယ်
လွန်သပ္ပါယ်သည် မကွယ်ခင် လ
ထွန်းပကွေးကွေး မှုံမှေးမှေး ။
*******************
ရာသီဝသန် ကန်တော်ရေပြည့်
တောင်လေဝှေ့လျှင် ထင်လာအရိပ်
တွန့်လိပ်တုံခါ ရေပြင်လွှာ ။
********************
လျှပ်ပန်းနွယ်ဝင်း မိုးမင်းပစ္စုန်
လွှမ်းခြုံခြိမ့်သည်း အမှောင်ထဲဝယ်
ထည်ထည်ဝါဝါ ခိုင်မာစွာ ။
********************
မြူနှင်းမှုံလွ ဝေ့ကာကျသည်
မပီဝိုးဝါး တိမ်ယံကြားသို့
ထင်မှားပေစွ ဟေမန္တ ။
**********************
မြင်ရ ဖူးရ ကြည်ညိုရသည်
ရွှေတည်မြို့သား ဘိုးဘေးများသို့
မှန်းဆကာတမ်း ကန်တော့ပန်း ။
*************************
No comments:
Post a Comment