နောင်တော်ကြီးစေတီနှင့် မင်းလက်ဝဲစေတီကို မပြုပြင်မီကဖူးတွေ့ရပုံ
**************************
ပေါင်းတည်မြို့ ဘုရားကြီးတိုက်အတွင်းရှိ မင်းလက်ဝဲသီရိ စေတီတော်ဟု ခေါ်တွင်သောစေတီတော်ကြီးမှာ ကုန်းဘောင်မင်းဆက် ၆ ဆက်မြောက် ဘိုးတော်ဘုရား၏ သားတော် မင်းလက်ဝဲ မင်းသား မင်းလက်ျာမင်းသားတို့တည်ထားခဲ့သည့် စေတီတော်ဖြစ်သည်ဟုဆို၏ ။ မင်းလက်ျာစေတီတော်ကို သက္ကရာဇ် ၁၁၅၅ ခုနှစ်တွင်တည်ထားသည်ဟု ဘုရားရင်ပြင်တွင်စိုက်ထူထားသော ကျောက်စာတိုင်တွင်တွေ့ရ၏ ။ မင်းလက်ဝဲစေတီကို စတင်တည်ထားသည့် နှစ် အတိအကျမသိရသော်လည်း မင်းလက်ျာစေတီနှင့် မရှေးမနှောင်းပင်ရှိသည်ဟုဆို၏ ။
မင်းလက်ဝဲသီရိ စေတီတော် ဟုခေါ်တွင် နေသော စေတီ၏ ဘွဲ့ အမည်နှင့်ပါတ်သက်၍ ရှေးလူကြီးများပြောပြခဲ့သည်မှာ မင်းလက်ဝဲစေတီအမှန်မှာ မြို့တောင်ဘက်ပိုင်း သိမ်ကြီးရပ် တွင်ရှိသော သိမ်ကြီးဘုရားကြီးဖြစ်သည်ဆို၏ ။ ယခုအခါမှာပင် သိမ်ကြီးဘုရားကြီးအဝင် မုခ်ဦးတွင် သိမ်ကြီးမင်းလက်ဝဲစေတီတော် ဟုရေးထိုးထားပါသည် ။
ယခု မင်းလက်ျာသီရိစေတီနှင့်ယှဉ်လျှက် တည်ရှိသည့် မင်းလက်ဝဲသီရိစေတီဟု ခေါ်တွင်နေသောစေတီမှာ မူလက ဆူးလေစေတီ ဟုခေါ်တွင်သည်ဟု ဆို၏ ။
မင်းလက်ျာစေတီတော်နှင့် ယှဉ်တွဲတည်ရှိမှုကိုစွဲ၍ မင်းလက်ဝဲစေတီတော်ဟု လူအများက ခေါ်တွင်ကြသောကြောင့် မင်းလက်ဝဲသီရိ စေတီဟု သာတွင်သည်ဟုဆိုကြ၏ ။
မင်းလက်ဝဲသီရိစေတီတော်မှာ ညာဏ်တော် အမြင့် အောက်ခြေမှ စိန်ဖူးတော်အထိ ၇၄ ပေ ၄ လက္မ ရှိ၏ ။ အောက်ခြေအချင်း ၅၄ ပေ ၄ လက္မ ရှိ၏ ။
၁၃၄၈ ခုနှစ်တွင် ကြေးပြားခံရွှေသင်္ကန်း ကပ်လှူ၍ ထီးတော်အသစ်တင်လှူခဲ့သည် ။
၁၃၆၄ ခုနှစ် ၁၃၇၁ ခုနှစ်တို့တွင် စိန်ဖူးတော်အသစ်တင်လှူခြင်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းများပြုလုပ်ခဲ့ပါသည် ။
ယခုအခါ မင်းလက်ဝဲစေတီတော်ကြီးကို ရွှေကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ ဂေါပကအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ကာ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေပါသည် ။
စေတီတော်ရင်ပြင်ကိုတိုးချဲ့ပြီး ရင်ပြင်ပတ်လည်တွင် အဆောင်ငယ်လေးများ ဆောက်ကာ ဗုဒ္ဓဝင်ပြခန်းများ ပြုလုပ်ရန် စီစဉ်နေပါသည် ။ ရန်ကုန်မြို့ ဆူးလေ စေတီနှင့်တူအောင် ပုံဖော်မည်ဟု သိရပါသည် ။ မင်းလက်ဝဲစေတီဟု အသိများနေသော်လည်း မူရင်း ဆူးလေစေတီတော် ဘွဲ့ အမည်ကို ပြန်လည်ထင်ရှားစေရန် ရည်ရွယ်ဟန်ရှိပါသည် ။
ဤနေရာတွင် အရေးကြီးတာက ပိသုကာ အမြင်အားဖြင့် သပ္ပါယ်ကြည်ညိုဘွယ် ဖြစ်စေရေးသည် အလွန်အရေးကြီးပါသည် ။ မြန်မာဆိုရိုးစကားရှိသည့်အတိုင်း အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး နောင်ပြင်ရန်ခက်သည့်မျိုး တဲ့ ။
*************
မပြုပြင်မီကဖူးမြင်ရသော အရှေ့ဘက်ခြမ်း
************************
စေတီတော်၏ မူလတည်နေပုံအရ ကုန်းတော် အမြင့်ပေါ်တွင် တည်ထားပြီး အမိုးမပါ စောင်းတန်း လှေကား ၂ စင်းရှိပါသည် ။တောင်ဘက်တွင် တစ်စင်း အရှေ့ဘက်တွင်တစ်စင်း ဖြစ်၏ ။ ကုန်းတော်အမြင့်က ခပ်နိမ့်နိမ့်ပဲမို့ လှေကားဆောင်အမိုးမပါပဲ ဒီတိုင်းအုတ်လှေကား ဖြင့် တက်ထားပါသည် ။ လှေကား ၇ ထစ် ရှိပါသည် ။ အရှေ့ဘက်ကတက်သည့် လှေကားမှာ ကျယ်လည်းကျယ် လမ်းလည်းရှင်း၏ ။နောင်တော်ကြီးစေတီတော်နှင့် တန်းနေသည့်အတွက် စေတီ ၂ ဆူကို ပုံစံတူ ဖူးရ၏ ။ နောင်တော်ကြီးစေတီမှာ စေတီတော်ကြီးမတည်မီ ပုံစံငယ်တည်ထားသည့် သဘောဖြစ်သည်။ တောင်ဘက်လှေကားမှာမူ သာသနာ့ဗိမ္မာန် အဆောက်အဦနှင့်ပိတ်မိနေပြီး ကပ်လျက်မှာ အများသုံး အိမ်သာရှိနေပြန်သည် ။ အတော်ကိုအဆင်မပြေတဲ့အနေအထားပါ ။
အနောက်ဘက်ကတော့ အာဂမဇောတိကာရုံ ကျောင်းတိုက်ကိုဝင်သည့် လမ်းနှင့်ခြားထားသည့် အုတ်နံရံ ကြီးပိတ်နေပြီး လှေကားလည်းမရှိပါ ။ အာရုံခံ တန်ဆောင်း တစ်ခုရှိ၏ ။ မြောက်ဘက်တွင်လည်းလှေကား မရှိပါ ။ စေတီကုန်းတော်အောက် မြောက်ဘက်တွင်မီးစက် အဆောက်အဦရှိ၏ ။ ထိုမီးစက်လွန်လျှင် ဗောဓိပင်နှင့် မင်းသားကြီးကန် ရှိ၏ ။
အားလုံးခြုံပြီးပြောရလျှင် မူလစေတီတော်တည်နေပုံအရ အရှေ့ဘက် ခြမ်းတွင်သာ စေတီတော်အား ပေါ်လွင်ထင်ရှားစွာ ဖူးနိုင်သလို အတက်အဆင်းလည်းအဆင်ပြေ၏ ။
***************
ရင်ပြင်တော် ချဲ့ပြီး အရှေ့ဘက်မှဖူးမြင်ရပုံ
***************************
ရင်ပြင်ပတ်လည် ဗုဒ္ဓဝင်ပြခန်းများဆောက်လုပ်ပြီးဖူးမြင်ရပုံ
************************
ရင်ပြင်တော် ချဲ့ပြီး အရှေ့ဘက်မှဖူးမြင်ရပုံ
***************************
ရင်ပြင်ပတ်လည် ဗုဒ္ဓဝင်ပြခန်းများဆောက်လုပ်ပြီးဖူးမြင်ရပုံ
************************
ယခုပြုပြင်တိုးချဲ့သည့်လုပ်ငန်းများ စတင်ဆောင်ရွက်သောအခါ ပထမဦးစွာ ကုန်းတော်ရင်ပြင်ကိုချဲ့ပါသည် ။ ခန့်မှန်းခြေ ၈ ပေမှ ၁ဝ ပေထိ ကျယ်လာသည် ။တောင်ဘက် လှေကား ပျောက်သွား၏ ။ သာသနာ့ဗိမ္မာန်နှင့် လူသွားလမ်းလေးပဲခြားတော့သည် ။အရှေ့ဘက် လှေကားလည်းပျောက်လေတော့သည် ။ မူလက ကုန်းတော်အနားကပ်၍ထောင်ထားသော ခေါင်းလောင်းတိုင်များလည်းအသစ်ချဲ့ ရင်ပြင်အောက် မြုပ်ပျောက်လေ၏ ။ အဆင်မပြေ ဖြစ်တာတခုက ရင်ပြင်ပေါ်တက်သည့်လှေကားကို ဘယ်နေရာကတက်ရမလဲဆိုတာပါပဲ ။ မူလ လှေကားရှိရာနေရာဘက်က နောင်တော်ကြီးစေတီနှင့်ကပ်လျက်အထိ ချဲ့ထားတာမို့ လှေကားပြန်လုပ်ဘို့နေရာမကျန်တော့ပါ ။ တောင်ဘက်ကလည်းနေရာမရှိတော့ပါ ။ အနောက်ဘက်နှင့် မြောက်ဘက်ကလည်းမူလကပင် နေရာမရှိ။ မြောက်ဘက်က မီးစက်အဆောက်အဦ နှင့်ခံနေသည် ။ အဲဒီလိုအနေအထားမှာ အရှေ့မြောက် ယွန်းယွန်း နောင်တော်ကြီးစေတီနှင့်လွတ်သည့် နေရာလောက်မှ လှေကားကိုဖောက်လုပ်ကြ၏ ။ အဲဒီအထိအခြေအနေမဆိုးသေးပါ ။ အရှေ့မြောက်ယွန်းယွန်းမှ ဘုရားရင်ပြင်သို့ တက်သည့်လမ်းမှာ အနောက်တောင်ယွန်းယွန်းကို ဦးတည်မှသာ စေတီတော်တည့်တည့်ကို ဦးခိုက်ပြီးတက်သလိုရှိပါမည် ။ လှေကားဆောင် စောင်းတန်းအမိုးတင်လျှင်လည်း အမိုးမှ ဘုံဆင့်ပြသဒ် စုလစ်မွန်းချွန်သည် စေတီတော်နှင့် တထပ်တည်း ဖြစ်ပေမည် ။ သို့သော် ယခုပြုလုပ်ထားသော အရှေ့မြောက်ယွန်းယွန်းမှလှေကားသည် အနောက်တည့်တည့်သို့ဦးတည်ထားသဖြင့် စေတီတော်နှင့်တလွဲ ဦးခိုက်ပြီးတက်ရသလိုဖြစ်နေ၏။ ပိုဆိုးတာက ရင်ပြင်တပတ်လည် ဗုဒ္ဓဝင်ပြခန်းအဆောင်များဆောက်လုပ်လေသောအခါ လှေကားဘေးနှစ်ဘက်အခန်းဖွဲ့ရသည့်ပုံစံမှာ အတော်ပင်ကို့ယိုကားယားနိုင်လှသည်။တဖက်ကျဉ်းတဖက်ကျယ် ဖြစ်နေ၏ ။အပေါ်မှဘုံဆင့်ပြသဒ်တက်လိုက်လျှင်ဘုရားနှင့်
တလွဲကြီးဖြစ်တော့မည် ။
*****************************
**************
***************************
တလွဲကြီးဖြစ်တော့မည် ။
*****************************
**************
***************************
ယခုပြောခဲ့တာတွေက လုပ်လက်စ တန်းလန်းပဲရှိနေသေးလို့ ပြုပြင်ဘို့အချိန်မီပါသေးတယ် ။ လွန်ခဲ့တဲ့ နှစ် ၂ဝဝ ကျော် ၁၉ရာစုကတည်ထားခဲ့သောဘုရား ကို ၂၁ ရာစုမှာ ရွဲ့ရွဲ့စောင်းစောင်း ပြုပြင်လိုက်လျှင်ဖြင့် နောင်လာနောက်သား ပညာရှိများ မည်သို့ဆိုကြလိမ့်မည်နည်း ။ ကြီးကြပ်ဆောင်ရွက်သူဂေါပကများ အထူးအလေးထားစဉ်းစားစေချင်ပါသည် ။
အဓိက ပုံစံမကျဖြစ်နေတာက လှေကားတည်ဆောက်မှုပါ ။ ပုံစံကျအောင် ဘယ်လိုလုပ်လျှင် အကောင်းဆုံးဖြစ်မည်နည်း ။
ရင်ပြင်ပေါ်မှာဆောက်လိုက်တဲ့ အဆောင်တွေကြောင့် စေတီတော်ကို ယခင် အရှေ့ဘက်ခြမ်းက ရှင်းရှင်းလင်းလင်း ဖူးမြင်ရသော်လည်း ယခု မမြင်ရနိုင်တော့ပါ ။ ဒါကြောင့် စေတီ နှင့် ကုန်းတော်ကို ဆူးလေစေတီပုံစံ ထင်ရှားစွာ ဖူးမြင်ရအောင် ဆိုလျှင်တော့ … …
# မြောက်ဘက်တည့်တည့်ကနေ လှေကားဆောက်လိုက်ပါ ။ ရှေ့မှာ ပိတ်ခံနေတဲ့ မီးစက်ရုံကို ဖျက်ပြီးသင့်တော်ရာကိုရွှေ့ပါ ။ မင်းသားကြီးကန်ဘက်မှ စေတီကုန်းတော်ပေါ်သို့ ဗောဓိပင်ဘေးကိုဖြတ်၍ စောင်းတန်းဖြင့် တက်ရောက်ဖူးမြှော်နိုင်ပါသည် ။ စေတီပေါ်မှဆင်းလျှင် မင်းသားကြီးကန်သို့တန်းရောက်ပေမည် ။ အနောက်တောင်ထောင့်က အများသုံးအိမ်သာကိုဖျက်သင့်ပါသည် ။ ဘုရားခြေရင်းမှာ အမွှေးနံ့သာဖြင့်သာပူဇော်သင့် ပါသည် ။ နံနံစော်စော် အိမ်သာ မထားသင့်ပါ ။ ဤ သို့ဆိုလျှင် မင်းလက်ဝဲ မင်းလက်ျာ စေတီများနှင့် မင်းသားကြီးကန်တို့အကြား တပြေးတည်း ကျယ်ပြန့်သည့်ရင်ပြင် ဖြစ်ပေါ်လာခြင်းဖြင့် ပိုမိုသပ္ပါယ် ကြည်ညိုဘွယ်ရာ ဖြစ်လာနိုင်ကြောင်း … အလေးအနက် အကြံပြုအပ်ပါသည် ။ မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ ဝေဘန်တိုက်ခိုက်လိုခြင်းအလျင်းမရှိပါ ။
မင်းသားကြီးကန်ဘက်မှ မီးစက်ရုံကို ဖယ်ပြီးမြင်ကြည့်ပါ
ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ် တပို့တွဲလကွယ်နေ့
*****************************
ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ် တပို့တွဲလကွယ်နေ့
*****************************
နတ်လူသတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာကျမ္မာ ချမ်းသာကြပါစေ ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ။
************************
************************
No comments:
Post a Comment