`့`့`့`့`့`့`့`့`့`့`့`့`့´့´့´့´့´့´့´့´့´့´့´့´့
︵︵︵︵︵︵︵︵︵︵︵︵︵︵
♡ပေါင်းတည်သား အညတရ ကုသိုလ်ရှင်♡
︶︶︶︶︶︶︶︶︶︶ ︶︶
✶ သာမာန် လက်လုပ်လက်စားတစ်ယောက်ပါ။
မိသားစုစားဝတ်နေရေးအတွက်နေ့စဉ်ရုန်းကန်နေလျှက်ပါ ။
✶ ဒါပေမယ့် လူမသိ သူမသိ ကုသိုလ်ကောင်းမှုတွေ
နေ့စဉ်ကြိုးစားလုပ်နေတယ် ၊
✶ အလုပ်က ဈေးလုပ်သား ၊
✶ ရွာတွေကလာပြီးဈေးဝယ်တဲ့သူတွေရဲ့ကုန်ပစ္စည်းတွေကို
သူနဲ့ဆိုင်ရာဆိုင်ရာဈေးဆိုင်မှ သယ်ဆောင်မည့် ထော်လာဂျီ ၊
ကား ၊ တို့ရှိရာသို့ မပျောက်မရှ ရောက်အောင် အရောက်ပို့ပေးသည်။
ရိုးရိုးသားသား ကိုယ့်လုပ်အားနှင့် သမ္မာအာဇီဝ လုပ်ကိုင်ရှာဖွေနေသူပါ။
✶ နေတာက မြို့တောင်ပိုင်း သိမ်ကြီးဘက်မှာပါ။ မနက်အိမ်ကထွက်လာပြီး လမ်းမှာ ဘိုးဘွားရိပ်သာကိုဝင်တယ် ၊
✶ ညောင်ပင်ကြီးအောက်က ဘုရားမှာ ဝတ်ပြုတယ် ၊
✶ဘိုးဘွားရိပ်သာအလှူခံပုံးထဲကို ၂၀၀/-ကျပ်တန်တစ်ရွက်ထည့်တယ် ၊(မှတ်ချက် - အဆင်မသင့်တဲ့အခါ မထည့်ဖြစ်ပါ ဟုပြောပါသည်။)
✶ ပြီးရင် ဈေးကိုဆက်လာတယ် ၊
✶ အလုပ်မစခင် မင်းလက်ဝဲ မင်းလက်ျာ စေတီရင်ပြင်ကိုသွားတယ် ၊
✶ ဝတ်ပြုတယ် တံမြက်လှည်းပြီး သန့်ရှင်းစေတယ် ၊
✶ ပြီးမှ ဈေးကွက်ထဲလာပြီး အလုပ်ပေါ်လာရင်လုပ်ပါတယ် ၊
✶ ဘယ်သူ့ဆီကမှ ပိုမတောင်းဘူး လုပ်အားခ ကျသလောက်ပဲယူတယ် ၊
✶ ဈေးဆိုင်တိုင်းက သူ့ကိုခင်တယ် ဈေးဝယ်နေကျ ဖောက်သည်တွေကလည်း
သူ့ကိုခင်တယ် ၊
✶ သူ့ကြောင့် ပစ္စည်းပျောက်ရှတာ လုံးဝမရှိ အားလုံးကယုံတယ်၊
✶ တကယ့်ကို သမာအာဇီဝ လုပ်ကိုင်စားတာပါ။
✶ အဲဒါနေ့စဉ် နေ့တိုင်း သူလုပ်နေကျ လုပ်ငန်းပါပဲ။
✶ (၁၀)နှစ်ကျော်လောက်ရှိခဲ့ပြီတဲ့ ။
✶ မိသားစု (၇)ယောက်ရှိသတဲ့ ။ အလုပ်ရှိသူလည်းရှိ၏။ မရှိသူလည်းရှိ၏ ။
✶ အသက်ကကြီးပြီ (၆၇)နှစ် ၊ ဒါပေမယ့် သူမနား ၊
✶ သူ့မိသားစုအတွက် နေ့စဉ်ရုန်းကန်နေစဲပါ။
✶ ရိုးသားတယ် ၊ ကြိုးစားတယ်၊ တတ်နိုင်သလောက် လှူဒါန်းတယ် ၊ ဝေယာဝစ္စ
ကုသိုလ်ပြုတယ် ၊ မိသားစုအတွက်တာဝန်ကျေတယ် ။
✶ သူ့လို နေ့စဉ်လုပ်နိုင်ဘို့တော့မလွယ်ဘူးထင်တယ် ။
✶ သူပြောတဲ့စကားတစ်ခွန်း ……
( ဆင်းရဲတာချမ်းသာတာ အတိတ်ကကံပဲကွယ် ခုရောက်နေတဲ့ဘဝမှာ ကိုယ့်အတွက်ပါမယ့်ကုသိုလ်ကောင်းမှုသာချမ်းသာဘို့ဂရုစိုက်နေပါတယ်တဲ့။)
လေးစားစရာကောင်းလို့ စပ်စပ်စုစု မေးမြန်းပြီး ဖော်ပြဂုဏ်ပြုလိုက်ပါတယ် ။
✶{ သူ့နာမည် ဦးကံ }✶
ပေါင်းတည်မြို့မဈေးကြီးမှာ အလုပ် လုပ်ပါတယ်။
(ကာယကံရှင်ထံ ခွင့်တောင်းပြီးဖော်ပြပါသည်။)
No comments:
Post a Comment