Saturday, December 10, 2016

" ဦးပုကြီး တန်ဆောင်း "


✹ ဦးပုကြီး တန်ဆောင်း✹
                   (သို့မဟုတ်)
         "ငရဲကြီး ရှစ်ထပ် တန်ဆောင်း"

            သကျမုနိမိုးကောင်းဘုရားကြီး အဝင်မုခ်ဦးမှ စတင်တွေ့ရှိရသော ဘဲဥခြမ်း ပုံသဏ္ဍန် တန်ဆောင်းတော်ကြီးမှာ ပေါင်းတည်မြို့ (၁၁) လမ်းမှ ကုန်သည်ကြီး ဦးပု တည်ဆောက်လှူဒါန်းခဲ့ကြောင်းကို ရှေ့နေကြီး ဦးထွန်းညွန့် T.P.S ရေးသားသော ပေါင်းတည်သမိုင်းစာအုပ်တွင် ယခုကဲ့သို့ ဖော်ပြထားသည်ကိုတွေ့ရပါသည်။ 

    [တန်ခိုးကြီးမားထူးခြားသောဘုရားကိုယ်တော် မြတ်ကြီး ကိုမြို့နယ်နေလူအများသည် ကြည်ညိုပူဇော်၍ မဝနိုင်အောင်ရှိလေရကား ဘုရားဖူးပရိတ်သတ်များနေရာမလောက်အောင်ရှိရာ အရှေ့လမ်းကျောင်း ဒါယကာကြီးဦးလှော် နှင့် သားသမီးတစ်စုတို့ကဂန္ဓကုဋိတိုက်တော်ကြီးနှင့် ဆက်လျှက်အာရုံခံတန်ဆောင်းကြီးတစ်ခုဆောက်လုပ်လှူဒါန်းလေသည်။ ၎င်းတန်ဆောင်းတော်ကြီးနှင့်ဆက်၍ ဘုရားဒါယကာဦးမောင်ကလေး နှင့် သားသမီးတစ်စုတို့ကတန်ဆောင်းတော်ကြီးတစ်ခုဆောက်လုပ်လှူဒါန်း၏။ ထိုမှတဖန်ဦးမောင်ကလေးတန်ဆောင်းကြီးနှင့်ဆက်၍မုခ်ဝထိအောင်ဘဲဥ ခြမ်းသဏ္ဍန်တန်ဆောင်းကြီးတခုကို (၁၁) လမ်း ကုန်သည်ကြီး ဦးပုကြီး ကဆောက်လုပ်လှူဒါန်း၏။]
 တန်ဆောင်းတော်ကြီးအတွင်းဘက် မျက်နှာကျက် အနီး နံရံများတွင် ငရဲကြီး ရှစ်ထပ် သရုပ်ဖော် ပန်းချီကားများ ရေးဆွဲထားရာ ငရဲကြီးရှစ်ထပ် တန်ဆောင်းကြီးဟုလည်း အသိများ၏ ။

No comments:

Post a Comment