۞ မြို့နယ်အဝင် ဘိုးသာအောင် ပုံရိပ်များ ۞
*******************
အရွယ်ငယ်ပေမယ့်
အသက်ကြီးတယ်
အဖျက်စီးခံရတာလည်း ခဏ ခဏ
အင်္ဂလိပ်တွေ အပတ်တကုတ်ဖောက်ခဲ့တဲ့
မြန်မာပြည်ရဲ့ First Road ပေါ်က
သမိုင်းတွင် တဲ့တံတား
ဘဘ ဖိုးလှကြီးတို့ဖြတ်လျှောက်ခဲ့ဘူးတယ်
ဂျပန်ဝင်တော့ အင်္ဂလိပ်ကချိုး
အင်္ဂလိပ်တက်တော့ ဂျပန်ကဖျက်
ဟိုဘက်ကမ်းနဲ့သည်ဘက်ကမ်း
သေနတ်ပစ်တန်းကစားသလို
အစိုးရနှင့်သူပုန်
မီးကုန် ယမ်းကုန်တိုက်ကြ
ခွပ်ဒေါင်းအလံတွေနဲ့ ဖြတ်လျှောက်ကြပြန်ပြီ
မြန်မာပြည်ခေတ်ရေစီးမှာ
အဖြစ်တွေတသီကြီးကြုံ
ပုံပြင်တွေဆုံးမသွားတဲ့
ကုန်းတံတား ဘိုးသာအောင် ရဲ့ မြင်ကွင်းတချို့ပါ ။
ဘိုးသာအောင်ကုန်းတံတား
ရန်ကုန် > ပြည် ကားလမ်း
4/140
ပေအရှည် 250 feet
ကင်းလွတ်အမြင့် 18 ft 4 inches
တောင်ညိုချောင်းပေါ်ဖြတ်ကူးသည်
စတင်တည်ဆောက် - 1877
နောက်ဆုံးပြုပြင် - 1968





No comments:
Post a Comment