Saturday, July 5, 2014

"ပေါင်းတည်မြို့ မင်းလက်ျာသီရိ စေတီတော် နှင့် မင်းလက်ဝဲသီရိ စေတီတော်" မင်းလက်ဝဲသီရိ စေတီတော်





ပေါင်းတည်မြို့ ဗဟိုလ် ရန်ကုန်>ပြည် လမ်းမကြီးပေါ်တွင် ဘုရားကြီးတိုက်ဝင်းအတွင်း သပ္ပါယ်စွာ တည်ထားသော မြို့ကျက်သရေဆောင် စေတီ နှစ်ဆူဖြစ်ပါသည် ။

" မင်းလက်ဝဲသီရိစေတီတော်"
•••••••••••••••••••••••••

မင်းလက်ဝဲသီရိ စေတီတော် ဟုခေါ်တွင်နေသော စေတီ၏ ဘွဲ့ အမည်နှင့်ပါတ်သက်၍ ရှေးလူကြီးများပြောပြခဲ့သည်မှာ မင်းလက်ဝဲစေတီအမှန်မှာ မြို့တောင်ဘက်ပိုင်း သိမ်ကြီးရပ် တွင်ရှိသော သိမ်ကြီးဘုရားကြီးဖြစ်သည်ဆို၏ ။ ယခုအခါမှာပင် သိမ်ကြီးဘုရားကြီးအဝင် မုခ်ဦးတွင် သိမ်ကြီးမင်းလက်ဝဲစေတီတော် ဟုရေးထိုးထားပါသည် ။
ယခု မင်းလက်ျာသီရိစေတီနှင့်ယှဉ်လျှက် တည်ရှိသည့် မင်းလက်ဝဲသီရိစေတီဟု ခေါ်တွင်နေသောစေတီမှာ မူလက ဆူးလေစေတီ ဟုခေါ်တွင်သည်ဟု ဆို၏ ။
မင်းလက်ျာစေတီတော်နှင့် ယှဉ်တွဲတည်ရှိမှုကိုစွဲ၍ မင်းလက်ဝဲစေတီတော်ဟု လူအများက ခေါ်တွင်ကြသောကြောင့် မင်းလက်ဝဲသီရိ စေတီဟု သာတွင်သည်ဟုဆိုကြ၏ ။
မင်းလက်ဝဲသီရိ စေတီကို မည်သည့်ခုနှစ်တွင် စတင်တည်ထားခဲ့ကြောင်း မှတ်တမ်းမတွေ့ရပါ ။ မင်းလက်ျာသီရိစေတီထက် နှစ်အနည်းငယ်နောက်ကျသည်ဟုသာသိရပါသည်။
မင်းလက်ဝဲသီရိစေတီတော်မှာ ညာဏ်တော်အမြင့် အောက်ခြေမှ စိန်ဖူးတော်အထိ ၇၄ ပေ ၄ လက္မ ရှိ၏ ။ အောက်ခြေအချင်း ၅၄ ပေ ၄ လက္မ ရှိ၏ ။
၁၃၄၈ ခုနှစ်တွင် ကြေးပြားခံရွှေသင်္ကန်း ကပ်လှူ၍ ထီးတော်အသစ်တင်လှူခဲ့သည် ။
၁၃၆၄ ခုနှစ် ၁၃၇၁ ခုနှစ်တို့တွင် စိန်ဖူးတော်အသစ်တင်လှူခြင်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းများပြုလုပ်ခဲ့ပါသည် ။
မင်းလက်ဝဲသီရိ စေတီတော်၏ သမိုင်းမှတ်တမ်းမှာ အလွန်ပင် နဲပါးလှသဖြင့် တိတိကျကျပြောဆိုရန် ခဲရင်းလှပါသည် ။ သိရှိထားသူများ ကူညီဖြည့်စွက်ပေးနိုင်လျှင် အထူးကျေးဇူးတင်ဝမ်းမြောက်ပါမည့်အကြောင်း ………

No comments:

Post a Comment