Wednesday, September 20, 2017

ေပါင္းတည္ျမိဳ႕ ၏ BM အမွတ္အသား ႏွင့္ တန္ဘိုး ပေါင်းတည်မြို့ ၏ BM အမှတ်အသား နှင့် တန်ဘိုး



ျမိဳ႕တစ္ျမိဳ႕၏ ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပကို တိုင္္းတာမွတ္သားျပီး 
အဲဒီျမိဳ႕ရဲ့တည္ေနရာ ေလာင္ဂ်ီတြဒ္ ၊ လတၱီတြဒ္ တန္ဘိုးတို႔ကို မွတ္သားထားေသာ အမွတ္
အသားကို Benchmark (BM) ဟုေခၚ၏။ အဲဒီလိုအမွတ္အသားေတြကို ျမန္မာနိုင္ငံေျမတိုင္္း ဦးစီးဌာန 
မွ တိုင္းတာျပီး အလြယ္တကူ မပ်က္စီး မေပ်ာက္ပ်က္္နိုင္ေသာ အေဆာက္အဦမ်ား ၊ ေစတီပုထိုးမ်ား ၊
ေက်ာက္ေတာင္နံရံမ်ား ၊ အုတ္ခံုမ်ား ျဖင့္ မွတ္သားထားေလ့ရွိပါသည္။
ႏိုင္ငံတကာမွာ ပင္လယ္ေရမ်က္ႏွာၿပင္ အၿမင့္ေပသိဖို႔အတြက္ တိုင္းတာတဲ့ေနရာမွာ ၊ 
Low Tide (ဒီေရအနိမ္ဆံုးအခ်ိန္) ၊ Middle Tide (ဒီေရပံုမွန္အခ်ိန္) ၊ High Tide (ဒီေရအၿမင္ဆံုးအခ်ိန္) 
ဒီအခ်ိန္ သံုးခုကို ႏွစ္ေပါင္းမ်ားစြာ၊ ေလ့လာတိုင္းတာၿပီးမွ သတ္မွတ္ၾကပါတယ္ ။ကြ်န္ေတာ္တို႔ ၿမန္မာႏိုင္ငံ
မွာလည္း က်ိဳက္ခမီ ကမ္းေၿခမွာ ၊ စနစ္တက် စတင္ တိုင္းတာၿပီး ၊ တႏိုင္ငံလံုးကို .. Level .. စက္ၿဖင့္ 
အၿမင္႔ေပကူးၿပီး ၿမိဳ႕တၿမိဳ႕ရဲ႕ အၿမင့္ေပကို သတ္မွတ္ ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာဆိုရင္ ေၿမတိုင္းဦးစီးဌာနက
 အၿမင့္ေပ ဘယ္ေလာက္ ဆိုၿပီး သတ္မွတ္ထားတဲ့ .. benchmark(BM) ..ခံုေလး ေတြကို ေရြတိဂံုဘုရား ႏွင့္
 ပန္းဆိုးတန္းလမ္းမွာအလြယ္တကူေတြ႕ႏိုင္ပါတယ္။
ေပါင္းတည္ျမိဳ႕၏ နိမ့္ျမင့္ တည္ေနရာ coordinate ကိုစံသတ္မွတ္ထားသည့္ ျမန္မာနိုင္္ငံ 
ေျမတိုင္းဦးစီးဌာန မွ တိုင္းတာမွတ္္သားထားခဲ့ေသာ BM အမွတ္အသား ( Benchmark ) ကို ေပါင္းတည္ျမိဳ႕ 
အ.ထ.က (ရန္္ကုန္ > ျပည္ ) လမ္း ၏ ေအာက္ေျခ အုတ္ခံုတြင္မွတ္ သားထားပါသည္။
အဲဒီ BM အမွတ္အသားေပၚမွာ ေရးထားတာကေတာ့ [ ျမန္မာနိုင္ငံေတာ္ ေျမတိုင္းဌာန --- 
နိမ့္ျမင့္ ပ႒မ --- ၆၂၀၄၆ --- မီတာ ] ဟုေရးသားထားတာေတြ႔ရပါသည္။

Unicode

မြို့တစ်မြို့၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေကို တိုင်းတာမှတ်သားပြီး  အဲဒီမြို့ရဲ့တည်နေရာ လောင်ဂျီတွဒ် ၊ လတ္တီတွဒ် တန်ဘိုးတို့ကို မှတ်သားထားသော အမှတ် အသားကို Benchmark (BM) ဟုခေါ်၏။ အဲဒီလိုအမှတ်အသားတွေကို မြန်မာနိုင်ငံမြေတိုင်း ဦးစီးဌာန  မှ တိုင်းတာပြီး အလွယ်တကူ မပျက်စီး မပျောက်ပျက်နိုင်သော အဆောက်အဦများ ၊ စေတီပုထိုးများ ၊ ကျောက်တောင်နံရံများ ၊ အုတ်ခုံများ ဖြင့် မှတ်သားထားလေ့ရှိပါသည်။ နိုင်ငံတကာမှာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေသိဖို့အတွက် တိုင်းတာတဲ့နေရာမှာ ၊  Low Tide (ဒီရေအနိမ်ဆုံးအချိန်) ၊ Middle Tide (ဒီရေပုံမှန်အချိန်) ၊ High Tide (ဒီရေအမြင်ဆုံးအချိန်)  ဒီအချိန် သုံးခုကို နှစ်ပေါင်းများစွာ၊ လေ့လာတိုင်းတာပြီးမှ သတ်မှတ်ကြပါတယ် ။ကျွန်တော်တို့ မြန်မာနိုင်ငံ မှာလည်း ကျိုက်ခမီ ကမ်းခြေမှာ ၊ စနစ်တကျ စတင် တိုင်းတာပြီး ၊ တနိုင်ငံလုံးကို .. Level .. စက်ဖြင့်  အမြင့်ပေကူးပြီး မြို့တမြို့ရဲ့ အမြင့်ပေကို သတ်မှတ် ကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် မြေတိုင်းဦးစီးဌာနက  အမြင့်ပေ ဘယ်လောက် ဆိုပြီး သတ်မှတ်ထားတဲ့ .. benchmark(BM) ..ခုံလေး တွေကို ရွေတိဂုံဘုရား နှင့်  ပန်းဆိုးတန်းလမ်းမှာအလွယ်တကူတွေ့နိုင်ပါတယ်။ ပေါင်းတည်မြို့၏ နိမ့်မြင့် တည်နေရာ coordinate ကိုစံသတ်မှတ်ထားသည့် မြန်မာနိုင်ငံ  မြေတိုင်းဦးစီးဌာန မှ တိုင်းတာမှတ်သားထားခဲ့သော BM အမှတ်အသား ( Benchmark ) ကို ပေါင်းတည်မြို့  အ.ထ.က (ရန်ကုန် > ပြည် ) လမ်း ၏ အောက်ခြေ အုတ်ခုံတွင်မှတ် သားထားပါသည်။ အဲဒီ BM အမှတ်အသားပေါ်မှာ ရေးထားတာကတော့ [ မြန်မာနိုင်ငံတော် မြေတိုင်းဌာန ---  နိမ့်မြင့် ပဋ္ဌမ --- ၆၂၀၄၆ --- မီတာ ] ဟုရေးသားထားတာတွေ့ရပါသည်။  




ထို BM အမွတ္အသားပါ စာမ်ား၏အဓိပၸါယ္ကို သိရွိရန္ Internet Facebook စာမ်က္ႏွာမ်ား 
မွတဆင့္ ေမးျမန္းစူးစမ္းခဲ့ရာ ျမန္မာနိုင္ငံေျမတိုင္းဦးစီးဌာနမွ ဦးေအာင္မိုး မွ ျပန္လည္ ရွင္းလင္း ေျဖၾကားခဲ့ပါသည္ ။
ေပါင္းတည္ျမိဳ႕ အ.ထ.က ေက်ာင္း ေအာက္ခံ အုတ္ျမစ္တြင္ ထည့္သြင္းထားေသာ BM ႏွင့္ပတ္သက္၍
 ျမန္မာနိုင္ငံေျမတိုင္းဦးစီးဌာနမွ ဦးေအာင္မိုး၏ျပန္လည္ေျဖၾကားခ်က္ အျပည့္အစံု မွာ ……………………………
Standard BM , Embedded BM, Pipe BM, Bolt BM, ဆိုျပီးရွိ္္တာမွာ ေဖာ္ျပထားတဲ့ပံုက
 Bolt BM အမ်ိဳးအစားျဖစ္ပါတယ္။ ပဲခူးတိုင္းေဒသၾကီး ၊ ေပါင္းတည္ျမိဳ႕ ၊ အထက (၁) ေက်ာင္းမွာ ရွိတယ္လို႔ 
ေဖာ္ျပထားတာေတြ႔ရပါတယ္။ 
Bolt BM ဆုိတာကေတာ့ အစိုးရအေဆာက္အဦးေတြရဲ့ နံရံကိုထြင္းျပီး ၆ လကၼခန္႔အရွည္ ရွိတဲ့ 
ဘုလံုးပါသံေခ်ာင္းကိုျမႈပ္ျပီးထည့္ထားတာျဖစ္ပါတယ္။ သူ႔ရဲ့အထက္နားမွာ ေၾကးျပားကပ္ပါ တယ္။ 
ေၾကးျပားမွာေတာ့ တည္ေဆာက္တဲ့ခုႏွစ္နဲ႔ အဲဒီႏွစ္မွာတည္ေဆာက္တဲ့ BM အမွတ္စဥ္ကို ေရးပါတယ္။
အထက္ကေတြ႔ျမင္ရတဲ့ Bolt BM မွာေရးထားတဲ့စာေတြရဲ့ အဓိပၸါယ္ကေတာ့  ၆၂၀၄၆ ဆိုတာ 
၆၂ က ၁၉၆၂ - ခုႏွစ္ျဖစ္ျပီး တည္ေဆာက္တဲ့ခုႏွစ္ျဖစ္ပါတယ္။ ၀၄၆ ဆိုတာကေတာ့ တည္ေဆာက္တဲဲ့ 
ႏွစ္မွာ ၄၆ လံုးေျမာက္  BM ျဖစ္ပါတယ္။ ျမန္မာနုိင္ငံေတာ္ ေျမတိုင္း ဌာနဆိုတာ အရင္တံုးက
 Burma Survey Department ကိုဘာသာျပန္ထားတာျဖစ္ျပီး အခုေတာ့ ေျမတိုင္းဦးစီးဌာနျဖစ္ပါ တယ္။ 
နိမ့္ျမင့္ပဌမ ဆိုတာကေတာ့ တိက်မွန္ကန္မႈတန္ဘုိး (Accuracy) ပထမတန္းစားကို အရင္က ပ႒မ 
လို႔ေရးတာျဖစ္ပါတယ္။ Level တိုင္းတဲ့အခါ Staff ကို အဲဒီဘုလံုးေပၚတင္/ေထာင္ ျပီး တိုင္းရတာျဖစ္ပါတယ္။
ေျမတိုင္းဦးစီးဌာနက GCP ေတြ BM ေတြမွာ တန္ဘုိးေဖာ္ျပေလ့မရွိပါဘူး ။အခ်ိဳ႕ေနရာေတြ 
ဥပမာ ျပင္ဦးလြင္ ေျမတိုင္းေက်ာင္းဝင္းထဲကခံုမွာေတာ့ ေဖာ္ျပထားပါတယ္။ နိုင္ငံေတာ္္ဘတ္ဂ်က္ 
အကုန္္ခံျပီး တည္ေဆာက္တိုင္းတာထားတာျဖစ္လို္႔ နိမ့္ျမင့္တန္ဘိုးလိုရင္ ဌာနက သတ္မွတ္ထား တဲ့ႏႈန္းထား
ေပးေဆာင္ရပါတယ္။ အဲဒီေငြကိုေတာ့ နိုင္ငံေတာ္ ဝင္ေငြအျဖစ္ ဘဏ္ကိုသြင္းပါတယ္ ။
ရႊင္လန္းခ်မ္းေျမ့ၾကပါေစ 
ေအာင္မိုး (ေျမတိုင္း)
(၁၃-၇-၂၀၁၇)
ဟု အေလးအနက္ထား ျပန္လည္ေျဖၾကားေပးခဲ့ေသာ ဦးေအာင္မိုး (ေျမတိုင္းဦးစီးဌာန ) ကိုအထူး 
ေက်းဇူတင္ရွိေၾကာင္း မွတ္တမ္းတင္ပါသည္။ ဦးေအာင္မိုးဟာ ခုလိုျပန္လည္ေျဖၾကားရံုတင္မကဘဲ 
ေပါင္းတည္ျမိဳ႕အတြက္ ျမန္မာနုိင္ငံေျမတိုင္းဦးစီးဌာနမွ တည္ေဆာက္တိုင္းတာေပးခဲ့ေသာ BM အမွတ္အသား၏ 
တိုင္းတာမႈတန္ဘုိးမ်ား ထုတ္ယူရရွိရန္ပါ ကူညီခဲ့ပါသည္။

Unicode

ထို BM အမှတ်အသားပါ စာများ၏အဓိပ္ပါယ်ကို သိရှိရန် Internet Facebook စာမျက်နှာများ  မှတဆင့် မေးမြန်းစူးစမ်းခဲ့ရာ မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ ဦးအောင်မိုး မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ပေါင်းတည်မြို့ အ.ထ.က ကျောင်း အောက်ခံ အုတ်မြစ်တွင် ထည့်သွင်းထားသော BM နှင့်ပတ်သက်၍  မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ ဦးအောင်မိုး၏ပြန်လည်ဖြေကြားချက် အပြည့်အစုံ မှာ …………………………… Standard BM , Embedded BM, Pipe BM, Bolt BM, ဆိုပြီးရှိ်တာမှာ ဖော်ပြထားတဲ့ပုံက  Bolt BM အမျိုးအစားဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့ ၊ အထက (၁) ကျောင်းမှာ ရှိတယ်လို့  ဖော်ပြထားတာတွေ့ရပါတယ်။  Bolt BM ဆိုတာကတော့ အစိုးရအဆောက်အဦးတွေရဲ့ နံရံကိုထွင်းပြီး ၆ လက္မခန့်အရှည် ရှိတဲ့  ဘုလုံးပါသံချောင်းကိုမြှုပ်ပြီးထည့်ထားတာဖြစ်ပါတယ်။ သူ့ရဲ့အထက်နားမှာ ကြေးပြားကပ်ပါ တယ်။  ကြေးပြားမှာတော့ တည်ဆောက်တဲ့ခုနှစ်နဲ့ အဲဒီနှစ်မှာတည်ဆောက်တဲ့ BM အမှတ်စဉ်ကို ရေးပါတယ်။ အထက်ကတွေ့မြင်ရတဲ့ Bolt BM မှာရေးထားတဲ့စာတွေရဲ့ အဓိပ္ပါယ်ကတော့  ၆၂၀၄၆ ဆိုတာ  ၆၂ က ၁၉၆၂ - ခုနှစ်ဖြစ်ပြီး တည်ဆောက်တဲ့ခုနှစ်ဖြစ်ပါတယ်။ ၀၄၆ ဆိုတာကတော့ တည်ဆောက်တဲ့  နှစ်မှာ ၄၆ လုံးမြောက်  BM ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် မြေတိုင်း ဌာနဆိုတာ အရင်တုံးက  Burma Survey Department ကိုဘာသာပြန်ထားတာဖြစ်ပြီး အခုတော့ မြေတိုင်းဦးစီးဌာနဖြစ်ပါ တယ်။  နိမ့်မြင့်ပဌမ ဆိုတာကတော့ တိကျမှန်ကန်မှုတန်ဘိုး (Accuracy) ပထမတန်းစားကို အရင်က ပဋ္ဌမ  လို့ရေးတာဖြစ်ပါတယ်။ Level တိုင်းတဲ့အခါ Staff ကို အဲဒီဘုလုံးပေါ်တင်/ထောင် ပြီး တိုင်းရတာဖြစ်ပါတယ်။ မြေတိုင်းဦးစီးဌာနက GCP တွေ BM တွေမှာ တန်ဘိုးဖော်ပြလေ့မရှိပါဘူး ။အချို့နေရာတွေ  ဥပမာ ပြင်ဦးလွင် မြေတိုင်းကျောင်းဝင်းထဲကခုံမှာတော့ ဖော်ပြထားပါတယ်။ နိုင်ငံတော်ဘတ်ဂျက်  အကုန်ခံပြီး တည်ဆောက်တိုင်းတာထားတာဖြစ်လို့် နိမ့်မြင့်တန်ဘိုးလိုရင် ဌာနက သတ်မှတ်ထား တဲ့နှုန်းထား ပေးဆောင်ရပါတယ်။ အဲဒီငွေကိုတော့ နိုင်ငံတော် ဝင်ငွေအဖြစ် ဘဏ်ကိုသွင်းပါတယ် ။ ရွှင်လန်းချမ်းမြေ့ကြပါစေ  အောင်မိုး (မြေတိုင်း) (၁၃-၇-၂၀၁၇) ဟု အလေးအနက်ထား ပြန်လည်ဖြေကြားပေးခဲ့သော ဦးအောင်မိုး (မြေတိုင်းဦးစီးဌာန ) ကိုအထူး  ကျေးဇူတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။ ဦးအောင်မိုးဟာ ခုလိုပြန်လည်ဖြေကြားရုံတင်မကဘဲ  ပေါင်းတည်မြို့အတွက် မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ တည်ဆောက်တိုင်းတာပေးခဲ့သော BM အမှတ်အသား၏  တိုင်းတာမှုတန်ဘိုးများ ထုတ်ယူရရှိရန်ပါ ကူညီခဲ့ပါသည်။  


ထုတ္ယူရရွိခဲ့ေသာ အ.ထ.က ေက်ာင္း ေအာက္ေျခအုတ္ခံုမွ BM ၏တန္ဘိုးမွာ 
အမွတ္စဥ္ ---------------------------- ၆၂၀၄၆
ျပဳလုပ္သည့္ေန႔စြဲ --------------------- ၂၂-၃-၁၉၆၂
ဌာနအမည္ ---------------------------- အေျခခံေျမတိုင္း ရန္ကုန္
လတၱီတြဒ္ ----------------------------- ၁၈-၂၉-၀၂
ေလာင္ဂ်ီတြဒ္-------------------------- ၉၅-၃၀-၄၈
ပင္လယ္မ်က္ႏွာျပင္မွအျမင့္ ---------- ၉၇.၈၈၃ ေပ
အမ်ိဳးအစား --------------------------- Brick BM with Brass tablet
ေျမပံုအမွတ္ --------------------------- 85 N/11
အထူးအညႊန္းမွတ္တမ္း ---------------- ျပည္ခရိုင္ ေပါင္းတည္ျမိဳ႕ အစိုးရအထက္တန္းေက်ာင္း အေဆာက္
အဦး၏ ဆင္ဝင္ ေတာင္ဘက္အေဆာင္၏ ေအာက္ခံ အုတ္ခံု အလယ္ဗဟိုလ္ခန္႔တြင္ ေဆာက္လုပ္ထားသည္။
၎သည္ မိုင္တိုင္ ၁၄၂ မိုင္ ၅ ဖာလံု အလြန္ ၁၀၄ ေပ အကြာ ၎ေနရာမွ ကားလမ္း၏ လက္ဝဲဘက္ ၂၀၄ ေပ
အကြာေနရာ၌ တည္ရွိသည္။

ဟုေဖာ္ျပပါရွိသည္ကိုေပါင္းတည္ျမိဳ႕၏အက်ိဳးေဆာင္ရြက္ရာတြင္လိုအပ္သလိုအသံုးျပဳနိုင္ရန္အတြက္
 မွတ္တမ္းျပဳေဖာ္ျပလိုက္ရပါသည္။ 

Unicode

ထုတ်ယူရရှိခဲ့သော အ.ထ.က ကျောင်း အောက်ခြေအုတ်ခုံမှ BM ၏တန်ဘိုးမှာ  အမှတ်စဉ် ---------------------------- ၆၂၀၄၆ ပြုလုပ်သည့်နေ့စွဲ --------------------- ၂၂-၃-၁၉၆၂ ဌာနအမည် ---------------------------- အခြေခံမြေတိုင်း ရန်ကုန် လတ္တီတွဒ် ----------------------------- ၁၈-၂၉-၀၂ လောင်ဂျီတွဒ်-------------------------- ၉၅-၃၀-၄၈ ပင်လယ်မျက်နှာပြင်မှအမြင့် ---------- ၉၇.၈၈၃ ပေ အမျိုးအစား --------------------------- Brick BM with Brass tablet မြေပုံအမှတ် --------------------------- 85 N/11 အထူးအညွှန်းမှတ်တမ်း ---------------- ပြည်ခရိုင် ပေါင်းတည်မြို့ အစိုးရအထက်တန်းကျောင်း အဆောက် အဦး၏ ဆင်ဝင် တောင်ဘက်အဆောင်၏ အောက်ခံ အုတ်ခုံ အလယ်ဗဟိုလ်ခန့်တွင် ဆောက်လုပ်ထားသည်။ ၎င်းသည် မိုင်တိုင် ၁၄၂ မိုင် ၅ ဖာလုံ အလွန် ၁၀၄ ပေ အကွာ ၎င်းနေရာမှ ကားလမ်း၏ လက်ဝဲဘက် ၂၀၄ ပေ အကွာနေရာ၌ တည်ရှိသည်။ ဟုဖော်ပြပါရှိသည်ကိုပေါင်းတည်မြို့၏အကျိုးဆောင်ရွက်ရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက်   မှတ်တမ်းပြုဖော်ပြလိုက်ရပါသည်။